Wednesday, October 15, 2014
PayPal ကနေမိမိသူငယ်ချင်းဆီ ငွေလွှဲနည်း(ပုံနှင့်ရှင်းပြ)
Posted by
Unknown
at
11:25 PM
ကျွန်တော်ဒီနေ့ Paypal ကနေမိမိသူငယ်ချင်းတွေဆီကို Paypal အကောင့်ရှိသူအချင်းချင်းဘယ်လို
ငွေလွှဲရမယ်ဆိုတာကို တောင်းဆိုလာတဲ့သူငယ်ချင်းတွေနဲ့ မသိသေးတဲ့ဘော်ဘော် တွေအတွက်
ပုံနှင့်ရော ရုပ်သံ Movie လေးနဲ့ပါရှင်းပြထားပါတယ်။ Movie ရုပ်သံကြည့်ချင်ရင်တော့အောက်ကလင့်မှာ
ဝင်ရောက်ပြီးကြည့်နိုင်ပါတယ်။နောက်လာတဲ့အပိုင်းမှာတော့ Paypal ကနေ မိမိ Visa ကဒ်ထဲကို
ဘယ်လိုပိုက်ဆံတွေလွှဲရလည်းဆိုတာကိုထပ်မံပြီး တင်ပေးအုန်းမှာပါ...
ပုံ1
အရင်ဆုံးမိမိ Paypal အကောင့်ထဲကိုဝင်လိုက်ပါ။ ပြီးရင် မျှားပြထားတဲ့အတိုင်း Send Money ဆိုတာကို
နှိပ်လိုက်ပါ။
ပုံ2
အိုခေ အခုလိုပေါ်လာရင်တော့ To (Email) ဆိုတဲ့နေရာမှာ မိမိလွှဲပေးမယ့်သူရဲ့ Gmail ကိုမှန်ကန်အောင်
ထည့်ပါ။ပြီးရင် A mount နေရာမှာတော့ မိမိလွှဲလိုတဲ့ ငွေပမာဏကိုထည့်ပါ။ မျှားပြထားတဲ့နေရာမှာ
နှိပ်ပြီး US Dollar ကိုရွေးပေးပါ။ပြီးရင်တော့အောက်က မျှားပြထားတဲ့နေရာမှာ အမှန်ချစ်လေးနှိပ်လိုက်ပါ။
ပြီးရင်တော့ Continue ကိုဆက်နှိပ်သွားပါ။
ပုံ3
ဒီလိုစာမျက်နှာလေဒထပ်ပေါ်လာရင်တော့ မိမိပေးပို့မယ့်လူရဲ့အီးမေးမှန်ကန်မှုရှိမရှိ ထပ်မံစစ်ဆေးပါ။
ပြီးရင် Send Money ဆိုတာကိုနှိပ်ပါ။
ပုံ4
ဒါကတော့ပို့လိုက်ပြီဆိုတဲ့အကြောင်း အမှန်ချစ်အစိမ်းလေးနဲ့ပြထားတာပါ။ ဒါဆိုရင်တော့ မျှားပြထားတဲ့
အတိုင်း Go to My Account ဆိုတာကိုနှိပ်လိုက်ပါ။
အားလုံးပဲအဆင်ပြေကြပါစေ.... မရှင်းလင်းသူများအတွက်အောက်ကလင့်ကိုနှိပ်ပြီး Movie နဲ့အသေးစိတ်
ရှင်းပြပေးထားတာကိုကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ...
နောက်လာမယ့် Movie မှာတော့ Paypal မှာရှိနေတဲ့ $ ကို မိမိ Visa ကဒ်ထဲဘယ်လိုလွှဲရတယ်ဆိုတာကို
ထပ်ပြီးရှင်းပြပေးမှာပါ....
Tags :
PayPal
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment